skinny.

Latest / DVB News

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်

မိခင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကင်မ်အဲရစ်က “ကျနော့်ဆီကို ကိုယ်တိုင်ကိုယ်ကျ ဘယ်သူမှ အသိပေးတာ မရှိပါဘူး။ ဘယ်သူမှ ဘာမှ မပြောပါဘူး။ သတင်းတွေထဲကနေပဲ သိရတာပါ။ ဒါကလည်း အနည်းအကျဉ်းပါပဲ။ ကျနော့်အမေကို နေရာရွှေ့တယ်ဆိုတာတော့ သေချာပါတယ်။…

The skinny

The skinny isn't ready yet — notes appear once the transcript is processed.