
စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်ရန် NUG လူ့အခွင့်အရေးဌာန စီစဉ်
ပြည်သူ့ စစ်မှုထမ်းဥပဒေကိုသုံးပြီး ပေါ်တာဆွဲတာ၊ ဖမ်းဆီးခံရတာတွေရှိလာရင် မိသားစုဝင်တွေက တိုင်ကြားစာပေးပို့တာကို လက်ခံနိုင်မယ့် ယန္တရားကို စီစဉ်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။
နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ပြီး နောက်တရက်မှာပဲ မြေပြင်မှာ လူငယ်တွေဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဥပဒေကိုဗန်းပြပြီး နိုင်ငံတကာစစ်စည်းကမ်းနဲ့ လူ့အခွင့်အရေးကို…
The skinny
The skinny isn't ready yet — notes appear once the transcript is processed.