skinny.

Latest / DVB News

ကျားဖြန့်နှိမ်နင်းရေးစတင်နေ၊ နိုင်ငံခြားသား ၁၀,၀၀၀ ခန့် ပြန်ပို့မည်ဟု BGF ပြော

https://burmese.dvb.no/post/690563

ထိုင်း - မြန်မာနယ်စပ်၊ မြဝတီ၊ ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ဝင်ရောက် စစ်ဆေးတာတွေ လုပ်နေပြီး ရက်ပိုင်းအတွင်း နိုင်ငံခြားသား ၁၀,၀၀၀ ဝန်းကျင်အထိ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့သွားမယ်လို့ BGF ပြောခွင့်ရသူက DVB ကို ပြောပါတယ်။

BGF အနေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ ၄ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

The skinny

The skinny isn't ready yet — notes appear once the transcript is processed.