skinny.

Latest / ဒီနေ့အတွက်စကား

I don’t believe in taking right decisions, I take decisions and make them right.

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကိုငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲ မှန်အောင် လုပ်တတ်ပါတယ်တဲ့။ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင်အိန္ဒိယလူမျိုးသူဌေးကြီး Ratan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ်။ တကယ့်ကိုနာမည်ကြီး လုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးပြောကြားထားတဲ့စကားကလည်း တကယ့်ကိုမှ မှတ်သားထားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

ကျွန်တော်တို့ သက်ရှိလူသားတွေအနေနဲ့ ရှင်သန်ရုန်းကန်နေတဲ့ဒီလောကထဲမှာ လုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘ၀ အတွက် ရွေးချယ်မှုတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်တွေကို ချရလေ့ရှိပါတယ်။ ဘဝတစ်ကွေ့မှာ…

The skinny

The skinny isn't ready yet — notes appear once the transcript is processed.