
ကောလင်းနှင့် ကနီတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ရှောင်ဦးရေ ပိုများလာ
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ မတ်လ ၂ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး စစ်ရှောင်ပြည်သူအရေအတွက် တနေ့တခြား ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်သိမ်းပြီးနောက် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ကာကွယ်ရေးအဖွဲ့တွေက ကောလင်းမြို့ပေါ် ရပ်ကွက်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ကောလင်းဒေသခံတဦးက “ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြန်ဖြစ်တာတွေ ရှိတယ်ဗျ။ ၃ လပိုင်း ၂ ရက်နေ့ကနေ ပြန်ဖြစ်တယ်။ သစ်ဖုလတောင်ကုန်းမှာရှိတဲ့ စကစ ကျောက်တန်းရွာကို ဆင်းပြီးတော့မှ…
The skinny
The skinny isn't ready yet — notes appear once the transcript is processed.