
All men make mistakes, but only wise man learnt from their mistakes.
လူသားအားလုံးအမှားနဲ့မကင်းပါဘူး။ဒါပေမယ့်ပညာရှိတဲ့သူတွေကတော့သူတို့မှားခဲ့တဲ့အမှားတွေကနေသင်ခန်းစာယူလေ့ရှိပါတယ်။ဒီစကားကိုတော့ဗြိတိသျှဝန်ကြီးချုပ်Winston Churchill ကပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလောကကြီးမှာရှင်သန်ကြတဲ့သက်ရှိလူသားတိုင်းပြီးပြည့်စုံတဲ့သူအမှားကင်းတဲ့သူဆိုတာမရှိပါဘူး။ဘယ်လောက်ပဲအရာရာမှာထူးချွန်ထက်မြက်တဲ့သူဖြစ်နေပါစေရှင်သန်ခဲ့တဲ့ဘဝခရီးတစ်လျှောက်မှာတော့တစ်ကြိမ်တစ်ခါလောက်တောင်မမှားဖူးတဲ့သူဆိုတာမရှိပါဘူး။အဲဒီလိုပါပဲကိုယ်မှားခဲ့တဲ့အမှားကလည်းသင်ခန်းစာယူပြီးနောက်တစ်ခါထပ်မမှားရအောင်ကြိုးစားတတ်တဲ့သူတွေလည်းမရှိဘူးမဟုတ်တောင်ရှားတတ်ကြပါတယ်။
The skinny
The skinny isn't ready yet — notes appear once the transcript is processed.