skinny.

Latest / DVB News

နိုင်ငံရေးပါတီ ၄ ပါတီကို တရုတ်ကွန်မြူနစ်က ရွေးဖိတ်ခေါ်တာ ဘာကြောင့်လဲ

နိုင်ငံရေးပါတီ ၄ ပါတီရဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး တရုတ်အစိုးရက ဖိတ်ခေါ်တဲ့ ခရီးစဉ်ဟာ မြန်မာပြည်နဲ့ပတ်သက်တဲ့ သဘောထားကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အတွက်ဆိုပြီး စစ်ကောင်စီထံမှာ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၄ ခု ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတာပါ။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရက္ခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုရက်တစ်ပါတီ (ကျားဖြူ) တို့ကို…

The skinny

The skinny isn't ready yet — notes appear once the transcript is processed.