
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်၊ သရဲဘောကြောင်သည့် တိုက်ခိုက်မှုဖြစ်
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သလို သရဲဘောကြောင်သည့် တိုက်ခိုက်မှုဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီးကလည်း ကုလသမဂ္ဂ ဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ပဇီကြီးကျေးရွာဖြစ်စဉ်အပါအဝင် စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုအားလုံးကို တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး ဗြိတိန်နိုင်ငံက ရတဲ့နည်းလမ်းနဲ့ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကုလဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်က ပြောပါတယ်။
The skinny
The skinny isn't ready yet — notes appear once the transcript is processed.