
Some Expectations Can Lead To Success In Life and Some Expectations Can Cause Pain.
ကိုယ်စေတနာထားရင် ထားသလောက်အဲ့ဒီလူဆီက စေတနာတွေပြန်ရမယ်။ ကိုယ်ချစ်ရင် ချစ်သလောက် အဲ့ဒီလူဆီက အချစ် တွေ ပြန်ရမယ်။ ကိုယ်ကောင်းရင်ကောင်းသလောက် အဲ့ဒီလူဆီက အကောင်းတွေ ပြန်ရမယ်။ လူတွေအပေါ်မှာ ကိုယ်ပေးရင် ပေးသလောက်သူတို့ဆီက ပြန်ရမယ်လို့ လူတော်တော်များများတွက်ကြလိမ့်မယ်လို့ထင်ပါတယ်။အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်းတွက်ခဲ့မိပါတယ်။ အဲ့လိုတွက်ခဲ့မိတဲ့အတွက်ဘဝတစ်လျှောက် ကျွန်တော် ပူလောင်ခဲ့ရတာ အမှန်ပဲ။ တကယ်တန်း လူတွေဆီကနေ ကိုယ်ပေးသလောက် ပြန်ရဖို့ မဆိုထားနဲ့.ကိုယ်ပေးတာနဲ့ ဆန့်ကျင်ဘက် ကိုတောင်သူတို့က ပြန်ပေး တတ်ကြပါသေးတယ်။ စေတနာတွေကိုသိတတ်ရမယ့်အစားသူတို့ဟာ စော်ကားနိုင်တယ်။ အချစ်တွေကို…
The skinny
The skinny isn't ready yet — notes appear once the transcript is processed.