skinny.

Latest / DVB News

တောင်ငူအကျဉ်းထောင်က သေနတ်လုပြေးခဲ့သည့် အကျဥ်းသား ၉ ဦး လွတ်မြောက်နယ်မြေ ရောက်ရှိ

ပဲခူးတိုင်း၊တောင်ငူမြို့အကျဉ်းထောင်မှာ မေ ၁၈ ရက် ညနေ ၃ နာရီလောက်က အကျဉ်းထောင်လုံခြုံ ရေးတွေဆီကနေ သေနတ်လု ထွက်ပြေးလာတဲ့ အကျဉ်းသား ၉ ယောက်လုံး လွတ်‌မြောက်နယ်မြေကို လုံခြုံစွာရောက်ရှိနေပြီလို့ ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူတယောက်ကပြောပါတယ်။

အကျဥ်းထောင်ထဲကနေ ရုံးထုတ်ဖို့ခေါ်လာချိန်မှာ ထောင်လုံခြုံရေးတွေဆီကသေနတ်လုပြီး အပြန်အလှန် ပစ်ခတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး ပဲခူးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲ တာဝန်ရှိသူတယောက်က ပြောပါတယ်။

The skinny

The skinny isn't ready yet — notes appear once the transcript is processed.