
ရှမ်းမြောက်စစ်ရေးအဓိကနေရာများကို သိမ်းပိုက်နိုင်ဟု မဟာမိတ် ၃ ဖွဲ့ ကြေညာ၊
ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီး အခုအချိန်အထိ စခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေရာအနှံ့ ဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက အောက်တိုဘာ ၂၇ ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေး ၁၀၂၇ ကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ကိုးကန့်၊ တအောင်းနဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
The skinny
The skinny isn't ready yet — notes appear once the transcript is processed.