
ဒီပဲယင်းနယ်တွင် NUG တရားရေးအဖွဲ့ဝင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၄ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်မှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တဲ့ NUG တရားရေးအဖွဲ့ဝင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၄ ယောက်ရဲ့ရုပ်အလောင်း တွေကို တွေ့ရှိခဲ့ပါတယ်။ ရဲစခန်းမှူးဟောင်းရဲ့အကူအညီနဲ့ ဒီပဲယင်း-ရေဦးနယ်က ကျေးရွာတွေကို စစ်ကောင်စီက ညပိုင်းတွေမှာ အလစ်ဝင်ပြီး NUG နဲ့ဆက်စပ်သူတွေကို ရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
The skinny
The skinny isn't ready yet — notes appear once the transcript is processed.