
Respect is for those who deserve it, not for those who demand it.
လေးစားမှု။ စာလုံးသုံးလုံးထဲပေမယ့် အဓိပ္ပာယ်လေးနက်မှုနဲ့သက်ရောက်မှုက အနှိုင်းမဲ့ပါ။ လူတစ်ယောက်ကိုလေးစားဖို့ ဘာတွေ လိုလဲ။ ဂုဏ်တွေလား။ ပညာတွေလား။ငွေကြေးဥစ္စာတွေလား။ ရုပ်ရည်ရူပကာလား။ အောင်မြင်မှုလား။ လူတစ်ယောက် ဆီက လေးစားမှုရဖို့အတွက်ကရောဘာတွေလိုမလဲ။ပေးဆပ်ခြင်းလား။ အောင်နိုင်ခြင်းလား။ မေးစရာမေးခွန်းတွေအများကြီးပါ။
အရိုးရှင်းဆုံးအဖြေတစ်ခုကတော့ လေးစားထိုက်ဖို့ပါ။တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားတဲ့ စံနှုန်းတွေမတူကြဘူး။ တစ်ယောက်ဆီမှာရှိတဲ့ အရည်အချင်း။ အရည်အသွေး၊ ကွဲပြားတယ်။အထူးသဖြင့် ကိုယ့်မှာမရှိတဲ့အရာရှိတဲ့သူ၊ ကိုယ်မစွမ်းဆောင် နိုင်တာကိုလုပ်နိုင်တဲ့သူ၊အများအတွက် ကိုယ်ကျိုးကိုမငဲ့တဲ့သူ။…
The skinny
The skinny isn't ready yet — notes appear once the transcript is processed.