
Ten years from now, make sure you can say that you chose your life, you didn’t settle for it.
ဒီကနေစလို့နောင်၁၀နှစ်အကြာမှာသင့်ဘဝကိုသင်ကိုယ်တိုင်ရွေးချယ်ခဲ့တယ်လို့ပြောနိုင်အောင်ကြိုးစားပါ။ဘဝကိုဖြစ်သလိုအခြေချခဲ့ရတာမျိုးမဖြစ်ပါစေနဲ့။ဒီစကားကတော့မိမိကိုယ်ကိုဘဝကိုတည်ဆောက်နိုင်တဲ့သူ၊ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆန္ဒအတိုင်း ဘဝကို တည်ဆောက်တဲ့သူတွေအတွက်အားပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့တတွေဘဝဆိုတဲ့တိုက်ပွဲလိုခက်ခဲနက်နဲတဲ့အချိန်ကာလကြီးကိုဖြတ်သန်းကျော်လွှားတဲ့နေရာမှာကိုယ့်ရဲ့ဆန္ဒအတိုင်းရပ်တည်နိုင်ဖို့လိုပါတယ်။တကယ်တမ်းတွက်ကြည့်မယ်ဆိုရင်လူ့ဘဝဆိုတာခဏတာပါပဲ။အဲဒီရှင်သန်ရာအချိန်ခဏတာလေးမှာကိုယ်ဖြစ်ချင်တဲ့အတိုင်းကိုယ့်ဘဝကိုပုံဖော်အသက်သွင်းနိုင်ဖို့ကသိပ်ကိုမှလိုအပ်ပါတယ်။
The skinny
The skinny isn't ready yet — notes appear once the transcript is processed.