
မီတာခ ၂ ဆတိုးမြှင့်လိုက်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ပြည်သူလူထု ပိုမိုခံစားရမည်
စစ်ကောင်စီက လျှပ်စစ်မီတာခတွေ ၂ ဆနီးပါးတိုးကောက်တာကြောင့် ကုန်ကျစရိတ် တက်သွားတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေပဲ ခံစားရလိမ့်မယ်လို့ အိမ်ရှင်မတွေနဲ့ အသေးစားလုပ်ငန်းရှင်တွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားလိုင်းတွေ အဆင်မြှင့်တင်ပြီး တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်ဖို့ ထုတ်လုပ်မှု စရိတ်တွေမြင့်မားလာတဲ့အတွက် ဓာတ်အားနှုန်းခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး ပြင်ဆင်ကောက်ခံမှာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
https://burmese.dvb.no/post/667665
The skinny
The skinny isn't ready yet — notes appear once the transcript is processed.